Online Trading Service အသုံးပြုရန်သိရှိနားလည်ရမည့် အချက်များနှင့်စည်းကမ်းချက်များ ။
“အမှာစာ” ဆိုသည်မှာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို အဝယ် (သို့) အရောင်းပြုလုပ်ရန်အတွက် ဈေးနှုန်းနှင့်အရေအတွက်ကို ရှင်းလင်းစွာဖော်ပြ၍ ညွှန်ကြားချက်ပေးခြင်းကိုဆိုလိုသည်။
“ATSC” ဆိုသည်မှာ အမှတ် (၄၁၆)၊ မဟာဗန္ဓုလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ တွင်တည်ရှိသော AYA Trust Securities ကုမ္ပဏီလိမိတက်ကိုဆိုလိုသည်။
(၁) |
Online Trading Service အသုံးပြုခွင့်လျှောက်လွှာတင်ပြီး ATSC ထံမှအသုံးပြုခွင့်ရရှိပြီးမှသာလျှင် ဝန်ဆောင်မှုအသုံးပြုသူ များအနေဖြင့် ATSC ၏ online trading platform ကိုအသုံးပြုကာ အမှာစာတင်ခြင်းနှင့် အမှာစာပယ်ဖျက်ခြင်းများကိုပြုလုပ်နိုင်မည်ဖြစ်သည်။ အဝယ် (သို့) အရောင်းအမှာစာတင်ရန် ဝန်ဆောင်မှုအသုံးပြုသူ အနေဖြင့် securities account ထဲတွင် ငွေ (သို့) ရှယ်ယာ လက်ကျန်အရေအတွက် လုံလောက်မှုရှိ/မရှိ ကိုဦးစွာစစ်ဆေးအတည်ပြုရမည်။ အဝယ် (သို့) အရောင်းအမှာစာတင်ချိန်တွင် ဝန်ဆောင်မှုအသုံးပြုသူ အနေဖြင့် အမှာစာအတည်ပြုခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။ အမှာစာပယ်ဖျက်သည့် အချိန်တွင်လည်း ပယ်ဖျက်ခြင်းကို အတည်ပြုပေးရမည်ဖြစ်သည်။ သို့သော် အရောင်းအဝယ်ဖြစ်မြောက်ပြီးသော အမှာစာများကိုမူ ပြင်ဆင်/ပယ်ဖျက်နိုင်မည် မဟုတ်ပါ။ အရောင်းအဝယ်ဖြစ်မြောက်ပြီးသောအခါ Contact note (electronics version) ကိုချက်ချင်းပေးပို့မည်ဖြစ်ပြီး Contract note (hard copy) ကိုမူ ဝန်ဆောင်မှုအသုံးပြုသူ၏ တောင်းဆိုချက်ပေါ်မူတည်၍ ပေးပို့ရမည့်လိပ်စာကို အတည်ပြုချက် ရရှိပါက ပေးပို့ပေးမည်ဖြစ်သည်။ အမှာစာတင်ခြင်းနှင့် အမှာစာပယ်ဖျက်ခြင်း လုပ်ငန်းစဉ်အသေးစိတ်ကို ATSC ၏ Online Trading User Manual တွင် အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
|
|
(၂) |
Yangon Stock Exchange (YSX) တွင် အရောင်းအဝယ်အမှာစာတင်ခြင်းကို ATSC online trading platform မှတစ်ဆင့် (၂၄) နာရီ၊ (၇) ရက်ပတ်လုံးတင်နိုင်ပါသည်။ နေ့လည် (၁) နာရီ မတိုင်မီ တင်ထားသော အမှာစာများမှာ ယင်းနေ့၏ နောက်ဆုံး အရောင်းအဝယ်တိုက်ဆိုင်သည့်အချိန် နေ့လည် (၁)နာရီအထိ အကျုံးဝင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုသူများမှ အကူအညီရယူလိုပါက ATSC သို့ ရုံးဖွင့်ရက်များတွင် မနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ဈေးကွက်ပိတ်ချိန်တွင်တင်ထားသော အမှာစာများကို Offline အမှာစာများအနေဖြင့် နောက်တစ်နေ့အမှာစာအဖြစ် လက်ခံထားမည်ဖြစ်သည်။
|
|
(၃) |
ATSC online trading platform မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်နိုင်မည့် အများဆုံးငွေပမာဏမှာ မြန်မာကျပ်ငွေ သိန်း (၂၀ဝ) အထိဖြစ်ပါသည်။
|
|
(၄) |
ဝန်ဆောင်မှုအသုံးပြုသူတစ်ဦးချင်းစီ၏ online trading application အတွက် ကြိုတင်သတ်မှတ်ပေးထားသော လျှို့ဝှက်နံပါတ် (Default Password)သည် ပထမဦးဆုံးအကြိမ် Login ဝင်ရန်အတွက်သာဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူများမှ မိမိကြိုက်နှစ်သက်ရာ လျှို့ဝှက်နံပါတ်ကိုချက်ချင်း ပြောင်းလဲရမည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုသူများမှ မိမိပြောင်းလဲထားသော လျှို့ဝှက်နံပါတ်အား လုံချုံစွာ မှတ်သားသိမ်းဆည်းထားရမည်ဖြစ်ပြီး ပြောင်းလဲထားသော လျှို့ဝှက်နံပါတ်ကို မှားယွင်းစွာအသုံးပြုခြင်း၊ ပေါက်ကြားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကိစ္စရပ်များအတွက် ATSC အနေဖြင့် တာဝန်ရှိမည်မဟုတ်ပါ။
|
|
(၅) |
ဝန်ဆောင်မှုအသုံးပြုသူများ တရားမဝင်အရောင်းအဝယ်ပြုလုပ်သည်ကို သိရှိပါက ATSC အနေဖြင့် ကြိုတင်အသိပေးအကြောင်းကြားခြင်း ပြုလုပ်မည်မဟုတ်ဘဲ မည်သည့်အချိန်၌မဆို အမှာစာလက်ခံရန် ငြင်းပယ်နိုင်ခွင့် (သို့) အမှာစာကိုရပ်ဆိုုင်းခွင့်ရှိသည်။ ထို့အပြင် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) နှင့် Yangon Stock Exchange (YSX) တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ဤစာချုပ်ပါအချက်အလက်များကို ဖောက်ဖျက်သည့်လုပ်ရပ်များ တွေ့ရှိပါကလည်း ဝန်ဆောင်မှုအသုံးပြုသူအား ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ကော်မရှင်အဖွဲ့သို့ ဖြစ်စဉ်ကိုတင်ပြသွားမည်ဖြစ်သည်။
|
|
(၆) |
ATSC ၏ system ချို့ယွင်းမှုကြောင့် လုပ်ငန်းလည်ပတ်ရာတွင် အမှားအယွင်းတစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် ATSC မှ တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုသူ၏ လွဲမှားစွာအသုံးပြုမှုကြောင့် တိုက်ရိုက် (သို့) သွယ်ဝှိက် ဖြစ်ပေါ်လာသောဆုံးရှုံးမှုများအတွက် ATSC နှင့် ATSC ၏ဝန်ထမ်းများမှ တာဝန်ယူမည်မဟုတ်ပါ။
|
|
(၇) |
အင်တာနက် နှင့် နည်းပညာ ကွန်ရက် ကို အသုံးပြု၍ လုပ်ဆောင်ရသည်ဖြစ်သောကြောင့် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် online trading service ကို အသုံးပြုရာ၌ ဖြစ်ပေါ်လာနိုင်သော ကွန်ရက်နှင့်ဆက်စပ်သည့် ဆုံးရှုံးနိုင်ချေများကို သိရှိနားလည်ရပါမည်။ အဆိုပါ ကွန်ရက်နှင့်ဆက်စပ်သည့် ဆုံးရှုံးနိုင်သော အကြောင်းအရာကိစ္စရပ်များမှာ-
|
|
(က) |
ကွန်ရက်ကန်ထရိုက်တာများ အသုံးပြုသော စက်ပစ္စည်း၏ hardware၊ software ချို့ယွင်းမှု၊ ဆက်သွယ်ရေးစနစ်ချို့ယွင်းမှု၊ ကွန်ရက်တွင် အနှောင့်အယှက်ဖြစ်ပေါ်မှု၊ rrorဖြစ်ပေါ်မှု၊ ပြတ်တောက်မှုများ၊ နှောင့်နှေးမှုများ၊ Virus ကြောင့်နှောင့်နှေးကြန့်ကြာမှုများ၊
|
|
(ခ) |
လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာပစ္စည်းများ၊ ကွန်ပြူတာများ၊ လျှပ်စီးပတ်လမ်း၊ အသံဖမ်းခြင်းနှင့် ဆက်သွယ်ရေးဆိုင်ရာစနစ်များ ချို့ယွင်းမှုကြောင့် အချက်အလက်များဆုံးရှုံးနိုင်ခြင်းများ၊
|
|
(ဂ) |
Online trading service အတွက် အခြေခံ infrastructure နှင့် system စနစ်များကို ပြုပြင်ထိန်းသိမ်းမှုကြောင့်ဖြစ်ပေါ်လာနိုင်သော နှောင့်နှေးမှု၊ ပြတ်တောက်မှု နှင့် errorများ၊ နှင့်
|
|
(ဃ) |
အခြားသော မသက်ဆိုင်သည့် ပြင်ပပုဂ္ဂိုလ်များမှ ကွန်ရက်အတွင်းသို့ ဝင်ရောက်နှောင့်ယှက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ချို့ယွင်းမှုများ၊။
|
|
(၈) |
ATSC အနေဖြင့် အစုရှယ်ယာရောင်းဝယ်ခြင်းအားကြီးကြပ်စီမံရသောအဖွဲ့အစည်းတစ်ရပ်ရပ်မှ ထုတ်ပြန်ထားသည့် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဟု ယူဆပါက online trading services အသုံးပြုမှုကို ပြင်ဆင် (သို့) ရပ်ဆိုင်းခွင့်ရှိသည်။ ထိုသို့ရပ်ဆိုင်းခြင်းကြောင့်ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများကို ATSC မှတာဝန်ယူမည်မဟုတ်ပါ။
|
|
(၉) |
ဤစာချုပ်ကို ဖျက်သိမ်းလိုပါက ဝန်ဆောင်မှုအသုံးပြုသူအနေဖြင့် ATSC ထံသို့ (၇) ရက်ထက်နောက်မကျဘဲအကြောင်းကြားစာပေးပို့ရမည်။
|
|
(၁၀) |
ATSC ၏ ဝန်ထမ်းများအားလုံးသည် ရှယ်ယာအရောင်းအဝယ်များ ပြုလုပ်ရန်အတွက် လိုအပ်သော ငွေသွင်း၊ ငွေထုတ်လုပ်ငန်းစဉ်များကို ငွေသားဖြင့်လက်ခံမည်မဟုတ်ပါ။ အဆိ်ုပါငွေသားနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များကို ဧရာဝတီဘဏ်မှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။
|
သဘောတူလက်ခံချက်များ
ကျွန်တော်/ကျွန်မသည် အောက်ပါတို့ကို ဖတ်ရှုသိရှိနားလည်ပြီးလက်ခံသဘောတူပါသည်။
(၁) |
ကျွန်ုပ်သည် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) မှဖြစ်စေ၊ ရန်ကုန်စတော့အိတ်(စ်)ချိန်း (YSX) မှဖြစ်စေ၊ အစုရှယ်ယာရောင်းဝယ်ခြင်းအားကြီးကြပ်စီမံရသောအဖွဲ့အစည်းတစ်ရပ်ရပ်မှ ဖြစ်စေ ထုတ်ပြန်ထားသည့် နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို အမြဲတစေ လေးစားလိုက်နာမည်ဖြစ်သည်။ ATSC တွင်ပြုလုပ်သော အကောင့်ဖွင့်ခြင်း၊ အကောင့်ထိန်းသိမ်းခြင်း၊ အခြေခံဝန်ဆောင်မှုများ၊ ညွှန်ကြားချက်များထုတ်ပြန်ခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း၊ စာရင်းရှင်းတမ်းများပြုလုပ်ခြင်းအစရှိသည့် ဝန်ဆောင်မှုများကို တည်ဆဲဥပဒေအရ လိုက်နာဆောင်ရွက်ရမည်ကိုသိရှိပါသည်။
|
|
(၂) |
ကျွန်ုပ်သည် တယ်လီဖုန်း၊ ဖက်(စ်) (သို့) အင်တာနက်အပါအဝင် အခြားသော ဆက်သွယ်ရေးနည်းပညာများ အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် သတင်းအချက်အလက်များ ခိုးယူခံရခြင်း၊ ဆက်သွယ်ရေးစနစ်အတွင်းသို့ ဝင်ရောက်နှောက်ယှက်ခြင်း၊ ခွင့်ပြုခြင်းမရှိဘဲ မိမိ၏ Username နှင့် လျှို့ဝှက်နံပါတ် တို့ကိုလွဲမှားစွာ အသုံးပြုခံရခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို သိရှိနားလည်ပါသည်။ online trading services မှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်နေသော ရှယ်ယာများအားလုံးသည် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများဖြစ်သည့်အတွက် ထိုကုမ္ပဏီများတွင် ပေါ်ပေါက်လာသော ကိစ္စရပ်များ နှင့် ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများအတွက် ATSC မှ တာဝန်မရှိကြောင်းကို သိရှိနားလည်ပါသည်။
|
|
(၃) |
ကျွန်ုပ်သည် ATSC ၏လုပ်ပိုင်ခွင့်ထက် ကျော်လွန်သော စတော့အိတ်စ်ချိန်း၊ စျေးကွက်အခြေအနေ၊ Clearing House နှင့် SECM တို့၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း နှင့် ကြီးကြပ်မှုလုပ်ငန်းများလုပ်ဆောင်ခြင်းကြောင့်ပေါ်ပေါက်လာနိုင်သော ဆုံးရှုံးမှု၊ အဆင်မပြေမှုများအတွက် ATSC အနေဖြင့် တာဝန်မရှိကြောင်း နားလည်သဘောပေါက်ပါသည်။ စတော့အိတ်စ်ချိန်းနှင့် ATSC မှဖြစ်စေ၊ Clearing House နှင့် SECM စသောသက်ဆိုင်ရာအဖွဲ့အစည်း များမှဖြစ်စေ စုံစမ်းစစ်ဆေးရန်အသုံးပြုလို်သည့်အခါ ဝင်ရောက်အသုံးပြုခွင့်ပေးရမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ပါသည်။
|
|
(၄) |
ကျွန်ုပ်သည် ဤလျှောက်လွှာပါ သဘောတူညီချက်များ နှင့် စည်းကမ်းချက်များကို အလုံးစုံ ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံပါသည်။
|
|
(၅) |
ကျွနု်ပ်၏ အထက်ပါ online trading services အသုံးပြုခွင့်လျှောက်လွှာတွင် ဖြည့်စွက်ထားသည့် ကိုယ်ရေးအချက်အလက်များအားလုံးသည် ပြည့်စုံမှန်ကန်ကြောင်း ဝန်ခံကတိပြုပါသည်။
|